ဖောင်းပြင်မြို့တွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ဖောင်းပြင် ဇူလိုင် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူလူထုသို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ အချိန်က (အ-မ-က) ငှက်ပျောတောကျောင်းတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦးစိုးလွင်ထွန်းကမီးသတ်ဦးစီးဌာနအ‌နေဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ရေဘေးအန္တရာယ်၊ မီး‌ဘေးအန္တရာယ်များ၊ လေပြင်းအန္တရာယ်နှင့် ငလျင်ဘေးအရေးပေါ်အ‌ခြေအနေတွင် ယူဆာင်သွားရမည့် Emergency Go BAC အ‌ ကြောင်းကို အသိပညာပေးပြောကြားသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်၍ လက်တွေ့မီးငြှိမ်သတ်နည်းလေ့ကျင့်ခြင်းနှင့် ရေဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်၊ မီးဘးအန္တရာယ်များဖြစ်‌ပေါ်လာပါက တုံ့ပြန်ဆောင် ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို  ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)