သဲကုန်း ဇန်နဝါရီ ၂၃
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူညီဖြင့် ဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများဆောင်ရွက်မှုကို ယမန်နေ့က ပဲခူးတိုင်း လူထုဗဟိုပြုစီမံကိန်း တာဝန်ခံ၊ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချောစုဇံ (နည်းပညာ) နှင့်အတူ၊ တိုင်းဝယ်ယူရေးတာဝန်ခံ ဒေါ်လှဖုန်းခိုင်(ဒု-ဦးစီး)၊ တိုင်းအင်/ယာ ဒေါ်ဆွေသန္တာညွန့် (နည်းပညာအကြံပေး)နှင့် သဲကုန်းမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်းမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ပြီး သဲကုန်းမြို့နယ်၊ ဆင်ကျုံးအုပ်စု၊ ဆင်ကျုံးကျေးရွာနှင့် ဇောင်းပလေးကုန်းကျေးရွာတို့၏ တတိယနှစ်ဝန်း ကျေးရွာတွင်း ကွန်ကရစ်လမ်း ဆောင်ရွက်မှုကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထိုကဲ့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဆင်ကျုံးကျေးရွာတွင်းကွန်ကရစ်လမ်းနှင့် ဇောင်းပလေးကုန်း ကျေးရွာတွင်း ကွန်ကရစ်လမ်း လုပ်ငန်းအကောင်ထည်ဖော်ဆောင်ရွက်မှုကို ဦးဆောင်သည့် ကျေးရွာကော်မတီခေါင်းဆောင်များနှင့် နည်းပညာအရပ် အနီးကပ်ကြည့်ရှုဆောင်ရွက်သည့် နည်းပညာမှူး ဦးလွင်ကောင်းမြတ်၊ စည်းရုံးရေးမှူးများဖြစ်သည့် ဒေါ်စုရီမွန်နှင့် ဒေါ်အိမွန်ခိုင်တို့ကို လုပ်ငန်းခွဲနှင့်ပတ်သက်ပြီး အကျိုးခံစားရမည့် ကျေးရွာလူထုများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများအတွက် ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ အရေအသွေး မြင့်မားစေရေးတို့ကို ရှေးရှုပြီးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)