ဒေးဒရဲ ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက CERP Action Plan အရ ငါးမွေးတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ငါးမြစ်ချင်း သားပေါက်များ ပေးအပ်ထားသော မရမ်းဝကျေးရွာရှိ ငါးမွေးကန်များတွင် ငါးများအောင်မြင် ဖြစ်ထွန်းမှု အခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်နှင့် တာဝန်ရှိသူများက CERP Action Plan အရ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလအတွင်းက ပေးအပ်ထားသည့် ငါးမြစ်ချင်းသားပေါက်များ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ရာ မရမ်းဝကျေးရွာရှိ ငါးမွေးတောင်သူ ဦးသန်းနိုင်နှင့် ဦးတင်ဦးတို့၏ (၂)ဧကအကျယ်ရှိ ငါးကန်တွင် မွေးမြူထားသည့် ငါးမြစ်ချင်းများသည် ၁၀ လက်မ၊ ၆ လက်မ နှင့် ၄ လက်မအရွယ်အစားများအထိ ကြီးထွားလာခဲ့ကြောင်းနှင့် ငါးမွေးတောင်သူ ဦးတင်ဝင်း၏ ငါးကန်တွင် ၁၂ လက်မ၊ ၈လက်မ၊ ၄ လက်မအရွယ် ငါးဖြန်းများတွေ့ရှိရပြီး CERP Action Plan အရ ပေးအပ်ထားသည့် ငါးများအောင်မြင် ဖြစ်ထွန်းနေလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)