မင်းလှမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အထက်မင်းလှ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို၊ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာချိုဝင်းက ကျောင်းသား၊ ကျောင်းသူမျာအား အလုပ်လုပ်နိုင်သည့် ကလေးသူငယ်၏ အသက်အရွယ်အပိုင်းအခြား၊ ကလေးအလုပ်သမားများကို အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခံရခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး ဆောင်ရွက်ချက်များ၊ ကလေးသူငယ်များအား အန္တရာယ်ရှိသောလုပ်ငန်းခွင်များတွင် ခိုင်းစေခြင်း၊ ကလေးသူငယ်၏ အခွင့်အရေးဆိုင်ရာများ၊ ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် “လူကုန်ကူးမှုတားဆီးကာကွယ်ရေး” အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)