ပွင့်ဖြူမြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနက ဒေသခံပြည်သူများကို လည်ဆစ်ရိုးကျီးပေါင်း ရောဂါ အကြောင်း အသိပညာ ပေးခြင်းနှင့် ဆေးဝါးကုသခြင်းများ ဆောင်ရွက်

ပွင့်ဖြူ  ဇန်နဝါရီ        ၂၃

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သက်ရှည် ကျန်းမာစွာ နေထိုင်သွားနိုင်ရန်နှင့် ကျန်းမာရေးအသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် ဒေသခံပြည်သူများအား လည်ဆစ် ရိုးကျီးပေါင်းရောဂါအကြောင်း အသိပညာပေး ဆွေးနွေး ဟောပြောခြင်းနှင့် အခမဲ့ ဆေးဝါးကုသခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စောပြည့်မွန် က လည်ဆစ်ရိုးကျီးပေါင်းရောဂါ ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းနှင့် ရောဂါ မဖြစ် ပွားစေရန် ကြိုတင်ကာကွယ် ရမည့်နည်းလမ်းများ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါ လက္ခဏာများနှင့် ပတ်သက်၍ သိရှိလိုက်နာရန် အချက်များ ဆီးချို သွေးချို လေးဘက်နာရောဂါ လေဖြတ်လေငန်းရောဂါနှင့် အဆစ်အမြစ်ကိုက်ခဲခြင်းဝေဒနာများနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ် ရန်အချက်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများကို လည်ဆစ်ရိုးကျီးပေါင်းရောဂါ ရှိ/မရှိနှင့် အခြားသော ကျန်းမာရေးဝေဒနာ ခံစားရမှု ရှိ/မရှိ တို့ကို စမ်းသပ်စစ်ဆေးပြီး ဆေးဝါးများဖြင့် အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )