ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဝေါ ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ()နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဆပ်သွားခြုံ၌ ကျင်းပခဲ့သည်။

ဦးစွာ အခြေခံပညာ အလယ်တန်းကျောင်း‌(ခွဲ)ဆပ်သွားခြုံမှ ကျောင်းအုပ်ဆရာကြီး ဒေါ်မြသန္တာခိုင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်သီတာဝင်းက ပေါင်းစပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ပေးပြီး၊  အ.လ.က(​​ခွဲ) ဆပ်သွားခြုံ ကျောင်းမှ Grade(12) ကျောင်းသူ သင်းသင်းထွေးက ပုဏ္ဏားကြီးနှင့် လူလိမ်သုံးဦး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(9) ကျောင်းသူ မဇင်အိထွေးက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(9) ကျောင်းသူ မစုမြတ်သန္တာက စည်းကမ်းအစ စာသင်ကျောင်းက ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade(12) ကျောင်းသူ မိုးကြယ်စင်က လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(9) ကျောင်းသူ မြစံပယ်ခိုင်က ကျောင်းသားနှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဦးဆောင် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည် များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် ဗဟုသုတစာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သား ကြကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)