ရှမ်းရွာသစ် ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ပညာရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဂျပန်နိုင်ငံ ADRAအဖွဲ့၏ လှူဒါန်းမှုဖြင့် ဆောက်လုပ်ခဲ့သည့် RC(၁)ထပ် Steel Structure အမျိုးအစား ကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်းကို ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု ထီးတပလူးထကျေးရွာတွင် ဇန်နဝါရီလ ပထမပတ်က စတင်အကောင ်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းသည် ADRA အဖွဲ့လှူဒါန်းမှု၏ ကျပ် (၃၇၅)သိန်းဖြင့် အလျား (၆၀)ပေ၊ အနံ (၃၀)ပေရှိ RC(၁)ထပ် Steel Structure အမျိုးအစား ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းကို ချမ်းသာကုမ္ပဏီမှ တာဝန်ယူ၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပါက ကျောင်းသား/သူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်တော့မည်ဖြစ်ပြီး ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်လာမည်ဖြစ် ကြောင်း သိရှိရသည်။
ဝေဠု (ပြန်/ဆက်)