စလင်းမြို့ အမှတ်(၂)အ.ထ.ကတွင် ရက်(၁၀၀)လမင်းစီမံချက် နိုင်ငံသားစိစစ်ရေးကတ်နှင့် UIDထုတ်ပေး

စလင်း ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စျေးမရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပေးအပ်ပွဲအခမ်းအနားကို  ဇူလိုင်လ ၁၀ ရက် နံနက် ၉ နာရီက စလင်းမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းရှိ  ဗိုလ်ဥတ္တမစာသင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ထားသည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ အသက် (၁၀)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများ၏  နိုင်ငံသားစိစစ်ရေးကတ်အား  လိုအပ်သည့် အထောက်အထားအချက်အလက်များ  ဖြည့်စွက်ကာ  ဇီဝဆိုင်ရာအချက်အလက်များစိစစ် ကောက်ယူခြင်း လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးခဲ့ပြီး  မကွေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင်၊ စလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးမင်းသီဟဇော်၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ခေတ္တရဲမှူး ကျော်သန်းထွဋ်၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးဝင်းခိုင်၊ စလင်းမြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစည်သူလွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက ကျောင်းသား(၄၂)ဦး၊ ကျောင်းသူ(၅၇)ဦး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၉)ဦးတို့၏ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ပြီး အဆိုပါအခမ်းအနားသို့  တက်ရောက်လာကြသည့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဆရာ/ဆရာမများ  ကျောင်းသား/ကျောင်းသူ ကလေးငယ်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

မောင်လွင်(စလင်း)