နတ်မောက် ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှန်မြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က(၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ပုံပြင်ပြောပြိုင်ပွဲများ ပြုလုပ်နိုင်ရေးနှင့် ဆုချီးမြှင့်ပွဲပြုလုပ်နိုင်ရေးစသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဆရာကြီး၊ဆရာမကြီးများက ပြိုင်ပွဲများပြုလုပ်နိုင်ရေး မိမိတို့ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြရန်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများကို (၁၃)ရက်နေ့မှစတင်၍(၁၆)ရက်နေ့အထိ ပြိုင်ပွဲများပြုလုပ်မည်ဖြစ်ပြီး (၁၇)ရက်နေ့တွင် ဆုများချီးမြှင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း တက်ရောက်လာကြသည့် ဆရာကြီး၊ဆရာမကြီးများက ချပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှဝင်း