ပခုက္ကူ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအကြောင်းရှင်းလင်းပြောကြားပြီး ပခုက္ကူ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်၊ အသွင်ဆန်း(ပခုက္ကူ)က အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ပခုက္ကူမြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ သုခဆွေ(ပညာရေး)က စာဖတ်ခြင်း၏အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့် ဆွေးနွေးပြီးတက်ရောက်လာကြသည့် မြို့နယ်စာရေးဆရာ အသင်းဝင်ဆရာ/ဆရာမများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ တွဲဖက်ဝန်ထမ်းများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယ်ခွေ