ကော့သောင်း ဇန်နဝါရီ ၂၃
ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့သို့ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းလုပ်ငန်းသုံး ပစ္စည်းနှင့်ထောက်ပံ့ငွေများအား MARITIME CENTRE CO.LTD နှင့်OK Gas မိသားစုတို့က ယနေ့မွန်းလွဲပိုင်းက ကော့သောင်းခရိုင်မီးသတ်ဦးစီးဌာနသို့ လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လှူဒါန်းမှုတွင် မီးဘေးအန္တရာယ်ကျရောက်ပါက ပြည်သူများ၏ အသက်နှင့်အိုးအိမ်များ ဆုံးရှူံးမှုမရှိစေရေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါနေ့မွန်းလွဲပိုင်းက ကော့သောင်းခရိုင်မီးသတ်ဦးစီးဌာနသို့ MARITIME CENTRE CO.LTD မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ဝတ်စုံများနှင့် အရေးပေါ် အသက်ရှူကိရိယာ(BA Set) များအားလည်းကောင်း ဦးသောင်းဟန် OK Gas မိသားစုမှကျပ်ငွေ (၃၀၀,၀၀၀)သုံးသိန်းနှင့် လွန်ခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ကော့သောင်းမြို့တွင် ဖြစ်ပွားခဲ့သည့် ဂက်စ်အိုးများတင်ဆောင်လာသည့်မော်တော်ယာဉ်တစ်စီးတိမ်းမှောက်မီးလောင်သဖြင့် မီးငြိမ်းသတ်ရာတွင် မတော်တဆ ထိခိုက် ဒဏ်ရာ ရရှိခဲ့သူ မီးသတ်တပ်ဖွဲ့ဝင် မောင်အောင်မျိုးကျော် အား.ကျပ်ငွေ တစ်သိန်း(၁၀၀၀၀၀) တို့ကို လှူဒါန်းထောက်ပံ့ ပေးအပ်ရာ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦး က လက်ခံရယူပြီး ဂုဏ်ပြုလွှာ များ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
ကျော်စိုး(ကော့သောင်း)