သံတောင်ကြီး ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ရှိ မိုးလုံလေလုံအားကစားခန်းမနှင့်အား ကစားကွင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဝန်ကြီးဦးမင်းကိုခိုင်၊ ကရင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ သံတောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စောဗစ်တာ ခလိုက်၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူးဦးဟန်ထူးဇန်တို့က ယမန်နေ့ နံနက်(၁၁)နာရီ အချိန်ခန့်တွင် သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက် အထက ကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမနှင့် အမှတ်(၄)ရပ်ကွက်ရှိ အားကစားကွင်းတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင် ကသံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက်ရှိ အားကစားကွင်းခြံစည်းရိုး ကာရံမည့်အခြေအနေအား ကြည့်ရှုခြင်း၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအား ကစားခန်းမအားကြည့်ရှုကာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း အားကစားခန်းမအား အသုံးပြုခြင်းကို ယာယီရပ်ဆိုင်းထားသော်လည်း ကိုဗစ်-၁၉ ရောဂါကာလ ပြီးဆုံးပါကပြန်လည် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ၎င်းအားကစားခန်းမအား အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ပညာရေးဦးစီးဌာနသို့ လွှဲပြောင်းနိုင်ရေးနှင့်အစားထိုး မြေနေရာ လျာထား ဆောင်ရွက်သွားရန်အတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)