ပွင့်ဖြူမြို့ အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး  အသိပညာပေးဟောပြောပွဲ ကျင်းပ

ပွင့်ဖြူ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့က ပွင့်ဖြူမြို့ အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ကျောင်းသားကျောင်းသူများအနေဖြင့် ဘက်စုံထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် အားလပ်ချိန်များတွင် ကျောင်းစာအပြင်  မိမိဘဝအတွက် အသိပညာဗဟုသုတရရှိစေမည့် သုတ/ ရသစာအုပ်စာစောင်များကို ဖတ်ရှုကြစေလိုကြောင်း၊ "စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့်စကားအတိုင်း စာပေလေ့လာ ဖတ်ရှုခြင်းသည် မိမိဘဝအတွက် မိတ်ဆွေကောင်းရရှိခြင်းပင်ဖြစ်၍ စာများများဖတ်ကြစေလိုကြောင်းနှင့် မိမိတို့ဌာနက ပြည်သူများ စာပေအသိပညာဗဟုသုတ ကြွယ်ဝစေရန် အသိပညာပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးဟောပြောသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများက ဆွေးနွေးဟောပြောသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)