ရွှေကျင် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရွှေကျင်မြို့နယ် စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုပြီး အောင်မြင်ခဲ့သော အနောက်ဘက်ကျေးရွာအုပ်စုအတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၇) ဦးတို့အား ဂုဏ်ပြုမှတ်တမ်းနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အနောက်ဘက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမင်းလွင်ဦးမှ ဆုချီးမြှင့်ပွဲကျင်းပပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးလှမိုးအောင်မှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆရာ၊ မိဘ စကားများကိုနားထောင်ပြီး ပညာရေးကိုဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အနောက်ဘက်ကျေးရွာအုပ်စုအတွင်းရှိ သောင်လယ်ကျေးရွာ၊ အနောက်ဘက်ကျေးရွာ၊ မောင်းရုံကျေးရွာနှင့်ဝဲကြီးကျေးရွာတို့မှ အောင်မြင်ခဲ့သည့် (၂) ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ရိုးရိုးအောင် (၁၆) ဦး စုစုပေါင်း (၁၇) ဦးတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးလှမိုးအောင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမင်းလွင်ဦး၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျေးရွာအတွင်းရှိ စေတနာရှင်များက ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများ ပေးအပ်ခဲ့ကြသည်။
ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် (၂) ဦးလှမိုးအောင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမင်းလွင်ဦးနှင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့်စေတနာရှင်အလှူရှင်များ စုစုပေါင်းအင်အား (၇၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)