ဆင်ပေါင်ဝဲ ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ်အဆင့် အရန်သားဖွားဆရာမများလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀နာရီက ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီက အရန်သားဖွားဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားကာ အရန်သားဖွားဆရာမများ လိုက်နာရမည့်တာဝန်နှင့်ဝတ္တရားများအကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် နည်းပြဆရာ/ဆရာမ (၄)ဦးတို့က သင်တန်းသား/သင်တန်းသူ (၃၆)ဦးတို့ကို ဇူလိုင် ၈ ရက်မှ ၁၂ ရက်အထိ စုစုပေါင်း (၅)ရက် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)