အုတ်ဖိုမြို့နယ်ငါးလုပ်ငန်းစခန်းမှ ဆည်ရေလှောင်တမံများအတွင်းသို့ ငါးသားပေါက်မျိုး စိုက်ထည့်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

အုတ်ဖို     ဇန်နဝါရီ   ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ သဘာဝရေပြင်နှင့် ဆည်ရေလှောင်တမံများတွင် ငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးသယံဇာတ ပေါကြွယ်ဝစေရန်အတွက် ငါးသားပေါက် မျိုးစိုက်ထည့်ခြင်း လုပ်ငန်းများ ကိုအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကတွင် ဆည်ရေလှောင် တမံများအတွင်းသို့ ငါးသားပေါက်မျိုးစိုက်ထည့်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာ ထံမှသိရသည်။

ငါးသားပေါက်မျိုးစိုက်ထည့်ရာတွင်  ဘော်ဘင်ဆည်(၁)တွင် ငါးခုံးမကြီး သားပေါက်ကောင် ရေ ၇၀၀၀၀ နှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၅၀၀၀၀  နှင့် ဘော်ဘင်ဆည်(၂) အတွင်းသို့ ငါးခုံးမကြီး သားပေါက်ကောင်ရေ ၆၀၀၀၀ နှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ ၅၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၃၀၀၀၀) စိုက်ထည့်ခဲ့ပြီး  သဘာဝငါးသယံဇာတကိုပျက်စီးစေသည့် ဒေသရင်းမဟုတ်သော ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးနှိုးဆော်ချက် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)