မော်လိုက် ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့ မြို့ပေါ်ကျောင်းများ၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ (၇) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က အ.မ.က(၁)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ကျောင်းသား/ ကျောင်းသူများကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ်ဦးစီးမှူးရုံးက ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက် နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်၊ မြို့နယ်စီမခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ခြင်းကို အ.မ.က(၂)၊အ.မ.က(၃)နှင့် အ.မ.က(၅) ကျောင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး ကျန်ရှိသည့် ကျောင်းများကိုလည်း ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လဝကဦးစီးမှူးထံမှ သိရသည်။
ကိုထက်(ပြန်/ဆက်)