စစ်ကိုင်း ဇူလိုင် ၇
စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ပညာမဏ္ဍိုင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လတ်ဝင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများ၊ ရေဘေးအန္တရာယ်ဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်ဟန်က မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက မြန်မြန်သိ၍ မြန်မြန်ငြှိမ်းသတ်နိုင်ရေး 191 Report application အသုံးပြုတက်စေရန်တို့ကိုအသိပညာပေးဟောပြောခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များက Lifejacket ဝတ်ဆင်နည်း၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဗူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းများ သရုပ်ပြသခဲ့ကြောင်းသိရသည်။
နေလင်းအောင်(ပြန်/ဆက်)