ရွှေကျင်မြို့တွင် ကလေးအလုပ်သမား‌ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်ပြပွဲကျင်းပ

ရွှေကျင် ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမား‌ပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာ‌စောင်ပြပွဲကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းမှ ကလေးအလုပ်သမားဆိုသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမား ဘယ်လိုပေါ်ပေါက်လာသည်ဆိုသည့်အကြောင်းအရာများ၊ ကလေးအလုပ်သမားများကို မည်သို့ဖြေလျှော့ ပပျောက်အောင်ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း၊ ကလေးအလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဟော‌ပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော မကျည်းတန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာ ဗဟုသုတတိုးပွါးစေမည့် နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်များအားဖတ်ရှု‌စေရန်ပြသခဲ့ရာ စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)