ပုသိမ် ဇူလိုင် ၇
အားကစားရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကြခတ်ချောင် ကျေးရွာအုပ်စု၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတွင်ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည်၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့်ကောင်းမွန်သော ဂေဟစနစ်ထိန်းသိမ်းနိုင်ရေး၊ စိမ်းလန်းမြေ(Green Space)များ တိုးပွားလာစေရေးတို့အတွက် နှစ်စဉ်ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးရာသီသစ်ပင်စိုက်ပွဲတော် အခမ်းအနားများကို ကျင်းပလျက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဆောင်၍ ကံ့ကော် (၁၀) ပင်၊ မန်ဂျန်ရှား (၁၂၀) ပင်၊ ပျဉ်းကတိုး (၁၀) ပင်၊ ရေမနေ (၁၀) ပင် စုစုပေါင်း (၁၅၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)