ရွှေတောင် ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆-ခုနှစ်၊ မိုးရာသီမြို့နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းအုပ်စု၊ စမ်းကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းများအား ယခုထက်ပိုမို၍ တက်ကြွနိုးကြားလာစေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပွဲသို့ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကသစ်တိုင်းအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသားများ၊ စမ်းကျေးရွာမူလတန်းလွန်ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၉၄) ဦးဖြင့် ကျွန်း ၁၅၀၊ ခရေ ၅၀၊ စိန်ပန်း ၅၀၊ ပျဉ်းကတိုး ၅၀၊ မယ်ဇယ် ၂၅၊ မဟော်ဂနီ ၂၅၊ စုစုပေါင်း ၃၅၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)