အုတ်ဖိုမြို့နယ် အခြေခံပညာကျောင်းများ၌ ငှက်ပြောပင်များ စိုက်ပျိုး

အုတ်ဖို ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဇူလိုင်လ ၇ ရက်နေ့က အ.ထ.က အုတ်ဖိုကျောင်းဝန်းအတွင်း၌ ငှက်ပြောပင်များ စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။

ငှက်ပြောပင်များစိုက်ပျိုးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ငှက်ပြောပင်များအား စိုက်ပျိုးခဲ့ကြပြီး ရပ်ကွက်ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင်လည်း ငှက်ပြောပင်များ စုပေါင်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အောင်သူ