ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး

ကန့်ဘလူ ဇူလိုင် ၇

ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day) အထိမ်းအမှတ်မိုးရာ သီသစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တောက္ကရှပ် ကျေးရွာကုန်ထုတ်လမ်းဘေးဝဲယာတွင် ဇူလိုင် ၆ ရက်နံနက် ၈ နာရီက ကျင်းပသည်။

ထိုသို့သစ်ပင်စုပေါင်းစိုက်ပျိုးရာတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဗန်ဒါ၊ တရုတ်တည်၊ ခရေ၊ မယ်ဇလီ စုစုပေါင်း ၁၅၀ ပင်ကို ဖြန့်ဝေပေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးခိုင်၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ခိုင်နှင့်ခရိုင်/မြို့နယ်ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စီမံကိန်းကျေးရွာကော်မတီဝင်များ၊ ဒေသခံပြည်သူများက ကုန်ထုတ်လမ်းဘေးဝဲယာ၌ တစ်ပင်နှင့်တစ်ပင် ၁၀ ပေအကွာတွင် တပျော်တပါး စိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)