မင်းလှမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းလှ ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်သည် မင်းလှမြို့နယ်အတွင်း ရှိဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအတွက် ယမန်နေ့ နေ့လယ် ၃ နာရီချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ရှေးဦးစွာဝန်ကြီး ဦးအောင်ဇော်နိုင်သည် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မင်းလှမြို့နယ် ကျောင်းကော်မတီအဖွဲ့များနှင့် တွေ့ဆုံ၍ အားကစားကွင်းဆိုင်ရာကိစ္စရပ်များအတွက် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ထိုနောက် နွေစပါးစိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များအတွက် ရေရရှိရေးဆောင်ရွက်လျှက်ရှိသော မင်းလှဆည် LDY -1 နှင့် ကံတင်ဘီလင်းဆည် RDM - 6 မြောင်းဘောင်ဆင့်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ စိန်ပုအုပ်စု၊ စိန်ပု ကျေးရွာသစ်အတွင်းရှိ စက်မှု လယ်ယာဧကကွက် ဖော်ထုတ်ဆောင်ရွက်နေမှု အခြေအနေနှင့် အလံပြချောင်း ရေတံခါး ဆောက်လုပ်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

ပေါက်စ(မင်းလှ)