ပခုက္ကူ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကမ္ဘာ့အိုဇုန်းလွှာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ကမ္ဘာအိုဇုန်းလွှာပျက်စီးရသည့်အကြောင်းရင်းများ၊ အိုဇုန်းလွှာပျက်စီးမှု၏ နောက်ဆက်တွဲဆိုးကျိုးပြဿနာများ၊ မြေထု၊ ရေထု၊ လေထုညစ်ညမ်းမှုဖြစ်ပေါ်ရသည့်အကြောင်းရင်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းလမ်းများအကြောင်းပါဝင်သည့် စားသား၊ ဆောင်းပါး၊ ကဗျာ၊ ရုပ်ပြကာတွန်းများကို စနစ်တကျပြသရာ ပြည်သူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)