ကမမောင်းမြို့၌ လူထုကျန်းမာရေးလုပ်သား(အကျဉ်းချုံး) သင်တန်းဖွင့် 

ကမမောင်း ဇူလိုင် ၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ရန်နှင့် အခြေခံကျန်းမာရေး အသိပညာများကို ပြည်သူများလက်ဝယ်သို့ အရောက်ပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ လူထုကျန်းမာရေးလုပ်သား(အကျဉ်းချုံး) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ဖာပွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင်  ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူဖြိုးက အမှာစကားပြောကြားပြီး PUI အဖွဲ့မှ စီမံချက်မန်နေဂျာ ဒေါက်တာ ပြည့်ဖြိုးအောင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက မိမိတို့ဒေသတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားလာစေရန်အတွက် လူထုကျန်းမာရေးလုပ်သားများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ ယခုသင်တန်းသည် အချိန်တိုအတွင်း ထိရောက်သော အခြေခံကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းများကို စနစ်တကျ လေ့လာခွင့်ရမည့် သင်တန်းဖြစ်၍ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့ဒေသတွင်း ကျန်းမာရေးလုပ်ငန်းများတွင် တက်ကြွစွာ ပြန်လည်အသုံးချကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၈) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၆ ရက် မှ ၁၉ ရက်အထိ ဖြစ်ကြောင်း သိရသည်။

ကမမောင်း (ပြန်/ဆက်)