ချောက် ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဧရာဝတီမြစ်ရေ တဖြည်းဖြည်းမြင့်တက်လာမှုကြောင့် မြစ်ကမ်းနားရပ်ကွက်များဖြစ်သော အမှတ် (၄)၊အမှတ် (၇)၊ အမှတ် (၈) ရပ်ကွက် လူနေအိမ်များအနီးတွင် မြစ်ရေများ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ချောက်မြို့၏ ဧရာ၀တီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၄၅၀ စင်တီမီတာဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၆ ရက် နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ၁၀၆၄ စင်တီမီတာသို့ ရောက်ရှိရာ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၃၆၈ စင်တီမီတာလိုကြောင်း သိရသည်။
ထိုကြောင့် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် နေထိုင်သူများအနေဖြင့် သတိဖြင့် နေထိုင်ကြရန်နှင့် ဧရာဝတီမြစ်ရေတိုင်းထွာခြင်းများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု့ဦးစီးဌာနမှ တစ်ရက်လျှင် သုံးကြိမ်တိုင်းထွာလျက်ရှိပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူပူးပေါင်းအဖွဲ့တို့မှ ရေပြင်ရှာဖွေကယ်ဆယ်ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပေး၊ သတိပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိကြောင်းသိရ သည်။
ကျော်မိုး(ပြန်/ဆက်)