သဲကုန်း ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့က ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောနည်း သင်တန်းဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်းဖြင့် အရောင်အသွေးစုံလင်သော ရုပ်ပုံများဖြင့် စိတ်အာရုံကို ဖမ်းစားတတ်စေရန်၊ ပုံပြင်ဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာဖတ်စွမ်းရည်တိုးတတ်လာစေရန်၊ ရုပ်ပုံပါ ပုံပြင်စာအုပ်များကို ဖတ်ရှုပြီး ရုပ်ပုံများအား ပုံတူပန်းချီရေးဆွဲတတ်စေရန်၊ ပုံပြင်နားထောင်ခြင်းဖြင့် နားထောင်မှုစွမ်းရည်တိုးတတ်လာပြီး အခြားသူများအား ပြန်လည်ပြောပြနိုင်သည့် အလေ့အထရရှိစေရန်၊ ပုံပြင်စာအုပ်များကို ဖတ်ရှုပြီး ကောင်းမွန်သည့်အကြောင်းအရာများကို အတုယူတတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူနှင့် စာကြည့်တိုက်လက်ထောက် (၃) ဒေါ်နော်ဌေးဌေးမြင့်တို့က သင်နည်းပြများအဖြစ် ကျောင်းသား/ ကျောင်းသူ (၁၃) အား လက်တွေ့ လေ့ကျင့်သရုပ်ပြသဆောင်ရွက်ပြီး ယနေ့နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)