နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ် လူရွယ်များ စာပေဗဟုသုတများ သိရှိနားလည်ပြီး ဥာဏ်ရည်ထက်မြတ်သည့် ဘက်စုံထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များ ဖြစ်လာစေရန်၊ ဗလငါးတန်နှင့်ပြည်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ နှုတ်မှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကို ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/သူလေးများက မိမိတို့နှစ်သက်သည့်ခေါင်းစဥ်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား /သူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း