ကျောင်းကုန်း ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ သဘာဝရေပြင်၊ အပင်နှစ်ဆယ်ချောင်းအတွင်းသို့ ယနေ့နံနက် ၇း၃၀ နာရီအချိန်ခန့်က ငါးကောင်ရေ (၃) သိန်းခွဲ ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။
အဆိုပါ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ပွဲသို့ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးအေးမင်းနှင့်ဝန်ထမ်းများ၊ ပုသိမ်ငါးသားဖောက်စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးမျိုးနိုင်ဦး၊ လှည်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်နှင့်အင်းသားကြီးများက ငါးမြစ်ချင်း (၁၇၅၀၀၀) ကောင်နှင့် ငါးခုံးမကြီး (၁၇၅၀၀၀) ကောင်၊ စုစုပေါင်းကောင်ရေ (၃၅၀၀၀၀) ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)