အိမ်မဲမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများဆောင်ရွက်

အိမ်မဲ ဇူလိုင် ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ရက် (၁၀၀) စီမံချက်အဖြစ် တိုင်း​ဒေသကြီးရန်ပုံငွေဖြင့် ကမ်းပျိုကျေးရွာအုပ်စု၊ ဖိုးကယ်​ချောင်းကျေးရွာတွင် ရေသန့်စင်စနစ် ရေရရှိရေးလုပ်ငန်းအား  အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါရေသန့်စင်စနစ်ကို (၂၇.၂)ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ပြီးယခုအခါ (၁၀၀) ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းနှင့် ရေရရှိရေးဆောင်ရွက်ပြီးစီးခြင်းကြောင့် အိမ်ထောင်စု (၁၃၃) စု လူဦးရေ (၅၃၅) ဦး အတွက် သန့်ရှင်းသော သောက်သုံးရေရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်