ဘိုကလေး ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ဇူလိုင်လ ၅ ရက်နေ့ နံနက် (၁၀) နာရီအချိန်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှု၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်ကျင်းပမှုတို့နှင့်အတူ “လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပဆောင်ရွက်သည်။
ပြည်သူ့စကားဝိုင်းမစတင်မီ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးနိုင်းလိန်းဟုန်းက အဖွင့်အမှာစကား၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ အသီးသီးပြောကြားပြီး စကားဝိုင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်မင်း၊ ဘိုကလေးကုတင်(၁၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းထွန်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးရဲနိုင်၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးတင်ကိုကို၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထွန်းဇာနည်တို့ကပါဝင်၍ မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါး၏အုပ်စုများ၊ မူးယစ်ဆေးဝါးကြောင့် လူညွန့်တုံးခဲ့ရသည့်ဖြစ်ရပ်များ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်၏ သားကောင်များ မဖြစ်ပွားစေရေး ရှောင်ကျဉ်ရမည့်ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သတ်သောဥပဒေများ၊ ပြစ်မှုူ၊ ပြစ်ဒဏ်များအား အကျယ်တဝင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် စကားဝိုင်းတက်ရောက်လာကြသော ကျောင်းသား/သူများက သိလိုသည်များအား မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးကြသူများကလည်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း၊ စကားဝိုင်းအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများအား မူးယစ်ဆေးဝါးနှင့် ပတ်သတ်သည့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်းနှင့်စကားဝိုင်းသို့ ဦးဆောင်ဆွေးနွေးကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများ၊ ကျောင်းသား/သူများ အင်အား (၁၅၀)ခန့် တက်ရောက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)