လက်ပံတန်း၌ သဘာဝရေပြင် မြစ်မခ မြစ်အတွင်းငါးမျိုးစိုက်ထည့်

လက်ပံတန်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင် မြစ်မခမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုးအိုင်အုပ်စု တာဆိပ်ချောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လက်ပံတန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းလှိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်လွင်မာစိုးနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဖွဲ့ဝင်များက ငါးမြစ်ချင်းသားပေါက် ၅၀၀၀၀ နှင့် ငါးခုံးမသားပေါက် ၇၀၀၀၀ စုစုပေါင်း ကောင်ရေ ၁၂၀၀၀၀ ကို သဘာဝရေပြင် တာဆိပ်ချောင်းအတွင်းသို့ ငါးမျိုးများ စုပေါင်းစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)