ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပေါက်ခေါင်း  ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက် ၈ နာရီတွင် ပေါက်ခေါင်းမြို့၊ ရပ်သစ်ကျေးရွာအုပ်စု၊ ရပ်သစ်ကျေးရွာ တောင်နဝင်းဆည်ဘောင်အနီး၌ ကျင်းပပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား ဦးသန်းထူးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသော်မော်ခန့်နှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်းအင်အား (၂၅၈)ဦးတို့မှ ကျွန်း၊ ပျဥ်းကတိုး၊ ပိတောက်၊ မန်ဂျန်ရှား၊ စိန်ပန်းကြီး၊ ရေတမာ၊ ကုက္ကိုလ်၊ သခွပ် အစရှိသည့် အရိပ်ရ၊ ပန်းအလှ၊ သီးပင်စားပင် (၅၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)