ဟင်္သာတမြို့၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဖွင့်လှစ်ပို့ချ

ဟင်္သာတ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ကြီးကြပ်မှုဖြင့် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဥပဒေရုံးက ကျင်းပပြုလုပ်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၃) ရက်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်ဥပဒေအရာရှိ ဦးဝင်းကြည်က သင်တန်းဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးထွဋ်မြတ်ဦးက သင်တန်းတွင် သင်ကြားပို့ချပေးသွားမည့် ဘာသာရပ်များကို မိတ်ဆက်ပြောကြားသည်။

အဆိုပါ သင်တန်းတွင် ဟင်္သာတမြို့နယ် ဥပဒေအရာရှိ ဦးထွဋ်မြတ်ဦးနှင့် ဒုတိယမြို့နယ် ဥပဒေအရာရှိများဖြစ်ကြသော ဒေါ်သက်ထားဦး၊ ဦးဇေယျာမင်း၊ ဦးကောင်းဝေယံထွန်း တို့က ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်း တို့ကိုလည်းကောင်း၊ အခြားသိသင့်သိထိုက်သော ဥပဒေ အကြောင်းအရာများကိုလည်းကောင်း  သင်တန်းသား (၁၃၁) ဦးတို့အား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ကို (၃)ရက်ကြာ ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)