ဝါးခယ်မမြို့နယ်၌ ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် လမ်းညွှန်ချက်အရ​မြောင်းမြပြည်သူ့​ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်း၍ အခမဲ့ဆေးကုသပေး

ဝါးခယ်မ ဇူလှိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ​ရေလိန်ကျေးရွာရှိ မုနိရံသီ ဘုန်းတော်ကြီး​ကျောင်းဝန်းတွင် ယ​​နေ့နံနက် (၈း၃၀)နာရီအချိန်မှစ၍ မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း၍ ကျေးရွာနေပြည်သူများအား အခမဲ့ဆေးကုသပေးခဲ့​ကြောင်း သိရသည်။

မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး၊ အရိုးအထူးကုဆရာဝန်ကြီး၊ အထွေထွေရောဂါကုသမားတော်၊ ကလေးအထူးကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ အရေပြားအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်နှင့် နား/နှာခေါင်း/လည်ချောင်းအထူးကုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ​ကျေးရွာ​နေပြည်သူများအား အခမဲ့ကျန်းမာ​ရေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ဆေးကုသရာ​သို့​ မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဝါးခယ်မမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝါးခယ်မမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ လူမှုကူညီ​ရေးအသင်းအဖွဲ့များက ဆေးကုသပေးနေမှုများကို ကြည့်ရူ့၍ လိုအပ်သည်များ​ ဆောင်ရွက်​ပေးပြီး​ ဆေးကုသသူများကို အားပေးစကားများ ပြောကြားခဲ့သည်။​ ဆေးကုသရန်လာ​ရောက်​သော ပြည်သူများကို အာဟာရမုန့်နှင့် ထမင်းဘူးများ ပေးဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)