ဟင်္သာတ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်၊ မန်းဘခိုင်လမ်းရှိ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆံကေသာပြပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးဟန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ယာယီအတွင်းရေးမှူး ဒေါ်မော်မော်ဝင်းက မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဆံကေသာပြပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူး ဒေါ်ထားထားလှိုင်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသော ဆံကေသာပြပွဲသို့ ဝင်ရောက်ပြသပေးကြသော အမျိုးသမီးငယ်များအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမျိုးသမီးငယ် (၁၁)ဦးမှ ဆံကေသာအလှပြခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ တာဝန်ရှိသူများမှ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးသည့် အမျိုးသမီးငယ်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဇော်မျိုးနှင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရပ်/ကျေးပါတီစည်းရုံးရေးမှူးများ၊ ပါတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆံကေသာအလှပြမည့် အမျိုးသမီးငယ်များ၊ လူမှုရေးအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)