ဟင်္သာတ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ပင်မသုံးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျန်မာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က “ကူစက်ရောဂါအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာက “ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်အကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သူနာပြုဆရာမကြီး ဒေါ်လင်းလင်းမြတ်က “ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ” ခေါင်းစဉ်တို့ဖြင့်လည်းကောင်း အသီးသီး အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေး အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) ခေတ္တတာဝန်ခံကျောင်းအုပ်ကြီး ဒေါ်နော်ဝေဝေဇင်နှင့် ပါမောက္ခ၊ ဌာနမှူး ဆရာ/မများ၊ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် ကျန်းမာရေးဌာနဝန်ထမ်းများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)