ဟင်္သာတ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဟင်္သာတမြို့နယ်တွင် Rice Export Zone အစီအစဉ်ဖြင့်ဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးစရိတ်နှင့် သွင်းအားစု ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ဟင်္သာတမြို့နယ် ကျုံတွမ်ကျေးရွာအုပ်စုရှိ GBS Co.Ltd အရောင်းဆိုင်ခန်းမနှင့် အင်းဓဝယ်ကျေးရွာအုပ်စု မိဘမေတ္တာဆန်စက် ခန်းမတို့တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အဆင့် R.E.Z လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်လှကြည်က ဟင်္သာတမြို့နယ်အတွင်း Rice Export Zone လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် Exporter ကုမ္မဏီများမှ တာဝန်ရှိသူများက မြို့နယ်အတွင်း တောင်သူများနှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းစဉ်များကို အသီးသီးရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ စိုက်ပျိုးစရိတ်နှင့် သွင်းအားစု ဓါတ်မြေဩဇာများကို တောင်သူများထံ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)