ပန်းတနော်မြို့နယ်၌ တောင်သူအသိပညာပေး စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ပန်းတနော် ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ တောင်သူများ စိုက်ပျိုးရေး နည်းစနစ်မှန်ကန်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်သည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျုံတုံးကလေးကျေးရွာအုပ်စု၊ အစုကြီးကျေးရွာရှိ အစုကြီးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစိုးထိုက်သူ၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်စုမြတ်ထက်နှင့် ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်နှင်းဝေလျံထက်တို့က ဦးဆောင်၍ မျိုးစေ့ဆားရေစိမ်နည်း၊ ရွှေခရုကာကွယ် နှိမ်နင်းနည်း၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း အကျိုးကျေးဇူးများနှင့် အိမ်တွင်းမှုတစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးနည်းစနစ်များကို အသေးစိတ်အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ကျုံတုံးကလေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း၊ ကျေးရွာအုပ်စုစာရေး ဒေါ်စုစုကျော်နှင့် ဒေသခံတောင်သူ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပြီး၊ တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)