မအူပင် ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ Polytechnic University (မအူပင်) ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ခေတ်အလိုက်ဝတ်စားဆင်ယင်မှု ပြပွဲနှင့် တိုင်းရင်းသားရိုးရာ အစားအစာ စျေးရောင်းပွဲတော်အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် Polytechnic University (မအူပင်) ပါမောက္ခချုပ် ဒေါက်တာသန္တာသိန်းမှ မြန်မာအမျိုးသမီး မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနှင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုဆိုင်ရာများအား အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများမှ ခေတ်အလိုက် ဝတ်စားဆင်ယင်မှု တေးသရုပ်ဖော်အကများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် တိုင်းရင်းသားရိုးရာအစားအစာစျေးရောင်းပွဲတော်အားကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)