သပြေတုန်းလဲကျေးရွာတွင်‌ မိုးစပါးကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊‌ ကောက်စိုက်စက်ဖြင့် တွဲဘက်သုံး (၁၀) တန်းသွားမျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲပြုလုပ်

အင်္ဂပူ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ သပြေတုန်းလဲကျေးရွာတွင် ၂၀၂၆-၂၀၂၇ မိုးစပါးကိုကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊‌ ကောက်စက်စိုက်ဖြင့် တွဲဘက်သုံး (၁၀) တန်းသွား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့သည်။

ကွင်းသရုပ်ပြပွဲကို သပြေတုန်းလဲကျေးရွာ ကွင်းအမှတ် (၈၄၀) ဦး၊ ပိုင်အမှတ်(၉၂/၁)ရှိ ပြည်စုံအောင်စိုက်ပျိုးထုတ်လုပ်ရေး သမအသင်း သား ဦးမြင့်နိုင်၏ လယ်မြေ (၅) ဧကတွင်ပြုလုပ်ရာ ခရိုင်စိုက်ပျိုး‌‌မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊မြို့နယ်စိုက်ပျိုး‌‌မွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များက ကောက်စိုက်စက်ဖြင့် မိုးစပါးဆင်း သုခစိုက်ပျိုးနေမှု၊ ကောက်စိုက်ဖြင့် တွဲဘက်သုံး(၁၀)တန်းသွား မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးနေမှုနှင့် Drum Seeder ဖြင့် စိုက်ပျိုးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စက်မှု လယ်ယာဦးစီးမှူး ဦးဇော်ဝင်နိုင်က ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စိုက်ပျိုး‌မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ မြို့နယ်စိုက်ပျိုး‌‌မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)