အင်္ဂပူမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ​ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲပြုလုပ်

အင်္ဂပူ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ​အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပ‌သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ကညွှတ်ကွင်းကျေးရွာအုပ်စုရှိ အ-လ-က(ခွဲ)က ညွှတ်ကွင်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ပျိုးပင်များပေးအပ်ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ထို့နောက် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ပြည်သူများ တပျော်တပါးစုပေါင်းပြီး ကျွန်း (၇၅) ပင်၊ ပျဉ်းကတိုး (၂၀၀) ပင်၊ ကံကော် (၇၅) ပင်၊ ခရေ (၇၅) ပင်၊ မန်ဂျန်ရှား (၇၅) ပင် စုစုပေါင်း ပျိုးပင် (၅၀၀) ပင်တို့အား စနစ်တကျ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)