မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ကာလအတွင်း စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု့အားပေး

မအူပင် ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ကာလအတွင်း မအူပင်မြို့နယ်ရှိ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်း‌ဆောင်ရွက်ချက်များအား ယမန်နေ့နံနက် (၁၀)နာရီက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်နှင့် ဒေါ်သူဇာသန်းမြင့်တို့မှ  ကွင်းဆင်းကြည့်ရှု့အားပေးခဲ့သည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ကာလအတွင်း မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ထားရှိသည့် မြို့ရှောင်လမ်းနှင့် ဘုရားလမ်းထိပ်ရှိ မအူသီးနှင့် မအူပွင့်အားလည်းကောင်း၊ မြို့ရှောင်လမ်းနှင့် ရေလဲလမ်းထိပ်ရှိ WE LOVE MAUBIN စာလုံးအားလည်းကောင်း၊ ရေလဲလမ်း‌ရှိ ဆွမ်းအုပ်ပုံ ဆောင်ရွက်နေမှုအားလည်းကောင်း၊ အဝေးပြေးကားဂိတ်ဝန်းရှေ့ရှိ ပန်းအလှနှင့် ရေစီးရေလာကောင်းမွန်ရေး ကွန်ကရစ်မြောင်း ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ကမ်းနားလမ်း မင်းဧရာတံတားထိပ်၌ ပန်းအလှပြင်ဆင် ဆောင်ရွက်နေမှုများအား လည်းကောင်း၊ RIVER VIEW အတွင်း ပြည်သူများအပန်းဖြေနိုင်စေရန် ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း ကွင်းဆင်းကြည့်ရှု့အားပေးခဲ့ရာ မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးညွန့်ဝင်းနှင့် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှု့ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းဒန်နှင့် ဒေါ်သူဇာသန်းမြင့်၊ မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးညွန့်ဝင်း၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ခင်မောင်ညွန့်၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးဝင်းကျော်ကျော်၊ မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးတင်မောင်စိုးနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု့ အားပေးခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)