မြောင်းမြမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

မြောင်းမြ ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီ၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဆုဖလား၊ ဂိုးအကောင်းဆုံး အားကစားသမားဆု၊ နောက်တန်းအကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများအား အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို ဇွန်လ (၁၅) ရက်နေ့မှ စတင်၍ အားကစားအသင်း (၈) သင်းတို့မှ အားကစားသမား (၁၄၄) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ မုဆိုးကွင်း ဘုရားငုတ္တိုအသင်းက သဇင်ကုန်းကြီးအသင်းအား (၇:၁) ဂိုးဖြင့် အနိုင်ရရှိကာ တံခွန်စိုက်ဆုဖလားရရှိခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)