မြောင်းမြမြို့တွင် ကော်ဖီသီးနှံ ပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်း စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပ

မြောင်းမြ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကော်ဖီသီးနှံ ပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်း စိုက်ပျိုးခြင်း အခမ်းအနားကို ဇူလိုင်လ (၃) ရက်နေ့ နံနက် (၈:၃၀) နာရီအချိန် တောင်ကလေးကျေးရွာရှိ ဦးညွန့်ဝေ (ရွှေခြင်္သေ့ရော်ဘာခြံ) ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင် ဦးဆောင်၍ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကို ဦးဆောင်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များက ဧက (၁၁၀) အတွက် ကော်ဖီပျိုးပင်ပေးအပ်ခြင်း၊ ကျေးရွာအုပ်စု (၁၁) အုပ်စုအတွက် ကော်ဖီပျိုးပင် ဧက (၁၁၀) ဖြန့်ဝေခြင်း၊ ဦးညွန့်ဝေ (ရွှေခြင်္သေ့ ရာဘာ) ခြံ၌ ယခင်ကော်ဖီ (၁၀) ဧက စိုက်ပျိုးပြီး၊ ယခု ကော်ဖီ (၅) ဧက စုပေါင်းစိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)