မော်လမြိုင်ကျွန်းမြို့နယ်၌ အသက်(၂၃)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၂၀၂၆) ခုနှစ် ရက်(၁၀၀) စီမံချက်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၃) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၄) ရပ်ကွက်၊ အောင်ဇေယျလမ်းမပေါ်ရှိ မြို့နယ်အားကစားပြိုင်ပွဲရုံသစ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် လူငယ်အသင်းများမှ အသင်းပေါင်း (၁၂) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (၉) ရပ်ကွက်အသင်းက ပထမဆု၊ (၆) ရပ်ကွက်အသင်းက ဒုတိယဆု၊ အောင်ချမ်းသာအသင်းက တတိယဆု၊ (၈) ရပ်ကွက်အသင်းက စတုတ္ထဆုနှင့် မျိုးဆက်သစ် လူငယ်အသင်းက အထူးဆုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပထမဆုရရှိသည့်အသင်းအား ဆုဖလားနှင့်ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်က ဒုတိယဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်ရှိသည့်ဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တာဝန်သူရှိသူများနှင့် အခမ်းအနားတက်ရောက်လာသူများက ဆုရအသင်းများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)