ဟင်္သာတမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

ဟင်္သာတ ဇူလိုင် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ဘုရင့်နောင်ခန်းမ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ‌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမှတ်(၈၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ဟင်္သာတ)မှ ဒုရဲမှူးမြင့်ခိုင်ကယာဉ်တိုက်မူနှင့် ယာဉ်မတော်တဆမူ ဖြစ်ပွါးရသော အကြောင်းအရင်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာမှုကြောင့် ဖြစ်ပွားခဲ့ရသော မှုခင်းများအကြောင်းတို့ကို ပြည့်စုံစွာရှင်းလင်းဟောပြောခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၁၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)