အောင်လံ ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ အင်းကုန်းကျေးရွာအုပ်စု ပန်းမတလျှပ်စစ်မြစ်ရေတင် ရေသောက်ဧရိယာ၊ ကွင်းအမှတ် (၇၆-ခ) အတွင်းရှိ နွေစပါးစံကွက် ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ အောင်လံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှရွှေနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အင်းကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၆-ခ)၊ ဦးပိုင်အမှတ် (၁၆၁)ရှိ ဒေသခံတောင်သူ ဦးဇော်မင်းနိုင်၏ (၀.၆၉) ဧကရှိသော နွေစပါး(အောင်နိုင်တိုး) စိုက်ခင်းအတွင်း ကောက်လှိုင်းရိတ်ခြွေစက်ဖြင့် ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး၊ ရိတ်သိမ်းမှုရလဒ်အရ နွေစပါး (အောင်နိုင်တိုး)မှာ တစ်ဧကလျှင် (၁၃၀) တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)