လေရှီး ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ခိုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ မြို့နယ်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းရည်မြှင့်မားရေးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က အမှာစကားပြောကြားရာ၌ ရွေးချယ်ခန့်အပ်ပြီးသော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးဆိုင်ရာပညာရပ်များ၊ လုပ်ထုံးလုပ်နည်းများကို သင်ယူလေ့လာသင်ယူကြရန် ပြောကြားခဲ့သည်။
အဆိုပါ မြို့နယ်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလုပ်ငန်းစွမ်းရည်မြှင့်မားရေး သင်တန်း (၁/၂၀၂၆) ကို သင်တန်းသား စုစုပေါင်း (၆၅) ဦးဖြင့် ဇူလိုင်လ ၁ နေ့ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ သင်တန်းကာလ (၁) တာ ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါသင်တန်းတွင် ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက် ဥပဒေဆိုင်ရာဘာသာရပ်များ၊ ပညာရေး/ ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များအား မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည် ။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)